မြန်မာ | ဇူလိုင် 14၊ 2017

အာရှတစ်ခွင်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း – ဖစ်မြောက်အောင်ဆောင်ရွက်မည့် ယာဉ်မောင်းများနှင့် တွ့ဆုံခြင်း
အန်ဒရူး မက်ဒေါ်နယ် တွေ့ဆုံမေးမြန်းသည် Latin America and Asia Pacific General Manager Uber လို့ ဆိုလိုက်ရင် မင်းဘယ်လိုမြင်သလဲ။ မင်းယာဉ်ငှားစီးဖို့အတွက် အမြဲနေ့စဉ်နေ့တိုင်း ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်းထဲက အက်ပလီကေးရှင်းတစ်ခုလား။ ဒါမှမဟုတ် ရာသီမရွေး၊ အချိန်အခါမရွေး၊ သွားချင်တဲ့နေရာမရွေး မင်းကိုလိုက်ပို့ပေးမယ့် ယာဉ်မောင်းမိတ်ဆွေတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေပဲလား။ ကျွန်တော်အတွက် နှစ်ခုစလုံးပါပဲ။ ကျွန်တော်တို့က နည်းပညာကုမ္ပဏီတစ်ခုဖြစ်သလို ကျွန်တော် တို့မှာ လူသားဆန်တဲ့ အစိတ်အပိုင်းတစ်ခုလည်း ပါဝင်ပါတယ်။ ပိုပြီးတိတိကျကျပြောရရင်ဖြင့် လူနှစ်သန်းရဲ့မျက်နှာတွေပေါ့နော်၊ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ရဲ ယာဉ်မောင်းမိတ်ဆွေကြီးများပေါ့။ အဲဒါက ဆီလီကွန်တောင်ကြားက ကုမ္ပဏီတွေကြားထဲမှာ ကျွန်တော်တို့ကုမ္ပဏီကို ပိုပြီးထူးခြားစေတဲ့အချက်ပါပဲ။ ဒါကြောင့် အသက်မွေးဝမ်းကျောင်းအတွက် ဒီအက်ပလီကေးရှင်းကို သုံးနေရတဲ့ယာဉ်မောင်းတွေအတွက် အကောင်းဆုံးတွေကို ပြုလုပ်ပေးဖို့ ကျွန်တော်တို့မှာ အထူးတာဝန်ရှိတယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ဒီနေ့ […]

မြန်မာ | ဇွန် 24၊ 2017

ရန်ကုန်မြို့တွင်း ယုံကြည်စိတ်ချရသည့် ပို့ဆောင်ဆက်သွယ်ရေး
Uber ၏ ရည်မှန်းချက်မှာ ကားအသုံးပြုမှုများပြားသည့် ရုံးဆင်းရုံးတက်ချိန်များတွင်တောင်မှ ခလုတ်နှိပ် လိုက်ရုံဖြင့် မိနစ်အနည်း ငယ်အတွင်း ကားခေါ်ဆိုရရှိနိုင်ရန်ဖြစ်ပါသည်။ မိုးသည်းထန်စွာရွာသွန်းနေချိန် သို့မဟုတ် ပွဲလမ်းသဘင်တစ်ခုခုပြီးချိန် စသည့်အခါမျိုးများတွင်တောင်မှ ယာဉ်မောင်းများကို စနစ်အတိုင်းသွားချင်အောင် အားပေးရန် လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ရန် နည်းလမ်းတစ်ခုမှာ  ဈေးနှုန်းများကို ချိန်ညှိပေးခြင်းပင်ဖြစ်သည်။ ခရီးသည်များအနေဖြင့် ရန်ကုန်မြို့တွင်း မိမိတို့လိုအပ်သည့်အချိန်တိုင်း မည်သည့်အချိန်၊ မည်သည့်နေရာကိုမဆို စိတ်ချလက်ချသွားရောက်နိုင်ရန် ခရီးသည်အားလုံးနှင့်အဆင်ပြေစေမည့် သင့်လျော်သည့် ဈေးနှုန်းများကို လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ အခြေအနေပေါ်မူတည်၍ အချို့အချိန်များတွင် ဈေးနှုန်းသည် ယခင်ထက် များကောင်းများနိုင်ပါမည်။ သို့သော်လည်း ခရီးသည်အနေဖြင့် ခရီးစဉ်သွားရောက်ရန် အတည်မပြုမီကတည်းက ကျသင့်ငွေခန့်မှန်းချက်ရရှိ မည်ဖြစ်သည့်အတွက် သွားလိုရာရောက်မှ မိမိ မသိ၊ လက်မခံနိုင်သော ဈေးနှုန်းများကို ရုတ်တရက် သိရမည့်အကြောင်းမရှိပါ။ ထိုသို့ လိုက်လျောညီထွေရှိသည့် ဈေးနှုန်းသတ်မှတ်ချက်စနစ်ကို […]