By Rachel Holt, Andrew Macdonald and Pierre-Dimitri Gore-Coty

ခလုတ်နှိပ်လိုက်ရုံနဲ့ ကိုယ်သွားလိုရာကို ပို့မယ့် ကားတစ်စီးရောက်လာအောင် ဘယ်လိုလုပ်မလဲ? ဒီလို ရိုးရှင်းလှတဲ့ ပြသနာတစ်ခုကို ဖြေရှင်းဖို့အတွက် Uber ကို ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့ပါတယ်။ ၂၀၁၅  ခုနှစ် နှောင်းပိုင်းမှာတော့ ခရီးစဉ်ပေါင်း ၁ ဘီလီယံထိ ပို့ဆောင် ပေးနိုင်ခဲ့ပြီး နောက်ထပ် ၆ လအကြာမှာ ၂ ဘီလီယံ ဆိုတဲ့ မှတ်တိုင်တစ်ခုကို ကျော်ဖြတ်ခဲ့ပြန်တယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် မေလ ၂၀ ရက်၊ စနေနေ့နံနက် ၇ နာရီ ၂၉ မိနစ်နဲ့ ၀၆ စက္ကန့်မှာ ခရီးစဉ်ပေါင်း ၁၅၆ ခုနဲ့ စုစုပေါင်း ခရီးစဉ် ၅ ဘီလီယံထိ ပြည့်မြောက်ခဲ့ပါတယ်။

 

ဒီခရီးစဉ်တွေက တိုက်ကြီး ၆ ခုက နိုင်ငံပေါင်း ၂၄ နိုင်ငံရဲ့ မွမ်ဘိုင်း၊ မော်စကိုနဲ့ မက်ဒယ်လင်းစတဲ့ မြို့တွေမှာ ပို့ဆောင်ပေးခဲ့ရတာပါ။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က ယာဉ်မောင်းတစ်ယောက်ကတော့ သူ့ပထမဆုံးခရီးစဉ်အနေနဲ့ ခရီးသည်ကို မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့ပေးလိုက်တာ နောက်ထပ် ခရီးသည် ၆ ယောက်ကလည်း Uber ကို ပထမဆုံးအကြိမ်အဖြစ် ငှားစီးခဲ့ကြတယ်။

 

ပို့ခဲ့ရသမျှထဲ အတိုဆုံးခရီးကတော့ ဆန်ဖရန်စ္စကိုမြို့မှာ နှစ်ဘလောက်ခွဲလောက်ပဲရှိတဲ့အကွာအဝေးကို ပို့ဆောင်ပေးခဲ့ရတာပါ။ (ဘာမှတော့ ပြောစရာမရှိပါဘူး) အရှည်ဆုံး ခရီးစဉ်ကတော့ ကီလိုမီတာ ၅၀ အကျယ်အဝန်းလောက်ပဲရှိတဲ့ စင်္ကာပူလို နိုင်ငံလေးမှာ ၂၇ ကီလိုမီတာထိ ပို့ဆောင်ခဲ့ရတာပါပဲ။ ခရီးသည် ၁၅ ယောက်လောက်ကတော့ သူတို့ရောက်နေတဲ့ နိုင်ငံတွေမှာ Uber ကိုပဲ ခေါ်ယူစီးနင်း ခဲ့ကြပါတယ်။

 

ဒီခရီးစဉ်တွေအကုန်လုံးပို့ဆောင်ပေးနိုင်ခဲ့တာဟာ မိမိအလုပ်ကို ချစ်ခင်မြတ်နိုးလှတဲ့ ယာဉ်မောင်းတွေကြောင့်ပါပဲ။  ကျေးဇူးဂုဏ်ယူမှုကို ပြသတဲ့အနေနဲ့ ဒီလိုမှတ်ကျောက်တင်နိုင်အောင် ကြိုးစားရာမှာ ပါဝင်ခဲ့တဲ့ ၁၅၆ ယောက်သော ယာဉ်မောင်းတွေကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

 

နောက်ထပ် ၅ ဘီလီယံထိအောင်မြင်အောင် ခရီးသည်တွေရော ယာဉ်မောင်းတွေအတွက်ပါ အဆင်ပြေစေမယ့် အချက်တွေကို အကောင်အထည်ဖော်ဖို့ ပိုပြီး အာရုံစိုက်လုပ်ဆောင်ပြီး ရှေ့ကို ဆက်သွားမှာဖြစ်ပါတယ်။ အခုအောင်မြင်မှုဟာ  အစပဲရှိပါသေးတယ်…လမ်းတွေပေါ်မှာ တွေ့ဆုံကြမယ်နော်။