သြစတြေးလျကနေမြန်မာအထိတစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေအကုန်လုံးကပွဲတော်နေ့တွေမှာလက်တားငှားစီးစရာမလိုဘဲချက်ချင်းစီးနှင်းနိုင်မည့်Uberအပေါ်မှာအားထားနေကြမှာပါ။နှစ်တစ်နှစ်ရဲ့အလုပ်များဆုံးညတွေထဲမှာ မည်သူမဆို မိမိကြိုက်နှစ်သက်ရာနေရာကနေ ခလုပ်နှိပ်ရုံဖြင့် အချိန်အနည်းငယ်အတွင်းစီးနှင်နိုင်ပါလိမ့်မည်။

ကျွန်ုပ်တို့်ဟာထိုညမှာများစွာသောစီးနင်းသူများစွာရှိဖို့မျှော်လင့်ထားပြီးယာဉ်စီးခဟာလည်သာမန်အချိန်တွေထက်ပိုမြင့်မားနေပါလိမ့်မယ်။ကျွန်ုပ်တို့ရဲ့ခရီးစဉ် တောင်းဆိုမှုအားဟာလည်း မြန်မာစံတော်ချိန် ၃ နာရီဝန်းကျင်အချိန်မှာပိုမိုများပြားနေမယ်လို့မျှော်လင့်ထားပါတယ်။

ဈေနှုန်းကြိုတင်တွက်ဆပေးထားတဲ့အတွက်တော့အံသြသင့်စရာမရှိနိုင်ပါဘူး။သင့်အနေဖြင့်သင်ဘယ်လောက်ပေးဆောင်ရမလဲဆိုတာကိုသင်ခရီးစဉ်ခေါ်ဆိုမှုမတိုင်ခင်မှာမြင်ရအောင်ကျွန်ပ်တို့ဘက်မှဖော်ပြထားပါသည်။ပုံမှန်ထက်ဈေးနှုန်းမြင့်မားနေသည့်အချိန်တွင်လည်းတောင်းဆိုမှုမပြုလုပ်ခင်ထိုဈေးနှုန်းမြင့်မားမှုကိုအတည်ပြုဖို့တောင်းဆိုပါလိမ့်မည်။

နှစ်သစ်ကူးအကြိုည UBER အသုံးပြုပြီး ပိုက်ဆံချွေတာလိုက်စို့။

ခရီးစဉ်တစ်ကြောင်းထဲမှာ နောက်ထပ်ခရီးစဉ်တွေထပ်ထည့်ရအောင် : Uber ခရီးစဉ်တစ်ကြောင်းတည်းဖြင့် ပါတီ အသွားမှာ သူငယ်ချင်းကိုဝင်ခေါ်မလား ဒါမှမဟုတ် အပြန် လမ်းခရီးမှာ သူငယ်ချင်းတွေကို ဝင်လိုက်ပို့ပေးပြီး ပိုက်ဆံခြွေတာလို့ရတယ်နော်။

Uber ကားများ အလုပ်များနေကြမှာ ဖြစ်တဲ့အတွက် ခရီးစဉ်များအတွင်း သင်စီးနင်းမည့်ကားကို စစ်ဆေးပြီး ဓာတ်ပုံမှာမတူဘူးဆိုရင် မှားမစီးကြဖို့ မမေ့ကြနဲ့ဦးနော်။

Car details: သင်ကားထဲသို့မဝင်မီ ကားmodel လိုင်စင်နံပါတ် နဲ့ app ထဲတွင်ဖော်ပြထားသော ကားအမျိုးအစားမှန်မမှန် စစ်ဆေးပေးပါ။

driver details : app ထဲရှိ ယာဉ်မောင်း ( အမျိးသား/အမျိးသမီး )၏ ဓာတ်ပုံနှင့်အမည်တူ မတူ အတည်ပြုပေးပါ။