အန်ဒရူး မက်ဒေါ်နယ် တွေ့ဆုံမေးမြန်းသည်

Latin America and Asia Pacific General Manager

Uber လို့ ဆိုလိုက်ရင် မင်းဘယ်လိုမြင်သလဲ။ မင်းယာဉ်ငှားစီးဖို့အတွက် အမြဲနေ့စဉ်နေ့တိုင်း ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်းထဲက အက်ပလီကေးရှင်းတစ်ခုလား။ ဒါမှမဟုတ် ရာသီမရွေး၊ အချိန်အခါမရွေး၊ သွားချင်တဲ့နေရာမရွေး မင်းကိုလိုက်ပို့ပေးမယ့် ယာဉ်မောင်းမိတ်ဆွေတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေပဲလား။

ကျွန်တော်အတွက် နှစ်ခုစလုံးပါပဲ။ ကျွန်တော်တို့က နည်းပညာကုမ္ပဏီတစ်ခုဖြစ်သလို ကျွန်တော် တို့မှာ လူသားဆန်တဲ့ အစိတ်အပိုင်းတစ်ခုလည်း ပါဝင်ပါတယ်။ ပိုပြီးတိတိကျကျပြောရရင်ဖြင့် လူနှစ်သန်းရဲ့မျက်နှာတွေပေါ့နော်၊ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ရဲ ယာဉ်မောင်းမိတ်ဆွေကြီးများပေါ့။
အဲဒါက ဆီလီကွန်တောင်ကြားက ကုမ္ပဏီတွေကြားထဲမှာ ကျွန်တော်တို့ကုမ္ပဏီကို ပိုပြီးထူးခြားစေတဲ့အချက်ပါပဲ။ ဒါကြောင့် အသက်မွေးဝမ်းကျောင်းအတွက် ဒီအက်ပလီကေးရှင်းကို သုံးနေရတဲ့ယာဉ်မောင်းတွေအတွက် အကောင်းဆုံးတွေကို ပြုလုပ်ပေးဖို့ ကျွန်တော်တို့မှာ အထူးတာဝန်ရှိတယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။

ဒီနေ့ ကျွန်တော်တို့ဟာ အာရှပစိဖိတ်ဒေသမှာ မိတ်ဖက်ယာဉ်မောင်းပေါင်း ၆သိန်းကျော်လာခဲ့ပြီဖြစ်ပြီး ပိုပြီးများလာလေလေ ကျွန်တော်တို့ရဲ့မြို့တွေအနေနဲ့ အနာဂတ်မှာ ကောင်းကောင်းမွန်မွန် ချီတက်နိုင်လေ ဖြစ်မှာပါ။

 

ဥပမာ အီဗီတဗီပီလိုမျိုး ကိုယ့်အားကိုယ် ကိုးတဲ့ အင်ဒိုနီးရှားလူမျိုး ကလေးအမေတစ်ယောက်ဟာ ကလေးတွေအတွက် အပိုဝင်ငွေရဖို့ ကားမောင်းရင်းနဲ့ပဲ သူ့ကလေးတွေနဲ့ မနက်စာကို အဆင်ပြေပြေနဲ့ အတူတူစားနိုင်ပါတယ်။ ဒါမှမဟုတ် ထိုင်ဝမ်က နည်းပညာပိုင်းဆိုင်ရာ အင်ဂျင်နီယာဟောင်း ယန်ဂျန်ရန်လို အငြိမ်းစားယူပြီးနောက်ကားမောင်းနိုင်ပြီး ကမ္ဘာအနှံ့ကလူတွေနဲ့တွေ့ပြီး ပျော်ရွှင်နေတာ လည်း တွေ့နိုင်ပါတယ်။

မြို့ကြီးပြကြီးတွေ ကောင်းမွန်တိုးတက်စေဖို့ သူတို့ရဲ့တာဝန်ထမ်းဆောင်မှုနဲ့ ထိုအချက်တွေကို ဖြစ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အက်ပလီကေးရှင်းတွေကို နှစ်ခြိုက်နေကြပေမယ့်လည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ယာဉ်မောင်းတွေဟာ Uber အတွက် အခရာကျသူတွေ ဖြစ်တယ်ဆိုတာကို မေ့လျော့သွားခဲ့ကြောင်း ဝန်ခံရမှာပဲဖြစ်ပါတယ်။ လူတိုင်းနေရာတိုင်းအတွက် ယာဉ်မောင်းတွေရဲ့အတွေ့အကြုံနဲ့ အက်ပလီကေးရှင်းတို့ကို တိုးတက်အောင် လုပ်ခြင်းအားဖြင့် ထိုကိစ္စကို ဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။ လုပ်ဆောင်ခဲ့သော ကိစ္စများအတွက် မိတ်ဆွေယာဉ်မောင်းကြီးများကို Uber မှ အထူးကျေးဇူးတင်ရှိပြီး မြို့တော်တွေနဲ့ ခရီးသည်တွေ လှုပ်ရှားဆောင်ရွက်ဖို့ရာ ယာဉ်မောင်းများမပါဘဲနဲ့ မလုပ်ဆောင်နိုင်ကြောင်း သိရှိလိုက်ရပါတယ်။