အဓိက အကြောင်းအရာသို့ ကျော်သွားမည်

Tell us your location

Please enter your nearest city name to help us display the correct information for your area

uberPOOL

အတူတကွ ချွေတာလိုက်ကြပါစို့

uberPOOL သည် သင်နှင့် ဦးတည်ချက်တူညီသော ခရီးသည်များနှင့် တွဲဖက်ပေးသောကြောင့် သင့်အနေဖြင့် စီးနင်းမှုနှင့် ကုန်ကျစရိတ်တို့ကို မျှဝေကျခံနိုင်ပါသည်။

  • စျေးသက်သာသော အိမ်တိုင်ရာရောက်ပို့ပေးသည့် စီးနင်းမှုများ
  • သက်တောင့်သက်သာရှိသော ဆလွန်းကားများတွင် အခြားလူများနှင့် အတူတူစီးနင်းမှု
  • တောင်းခံမှုတစ်ခုလျှင် အများဆုံးခုံ ၂ ခုံ

uberPOOL အလုပ်လုပ်ပုံ

1

တောင်းခံမည်

Uber အက်ပ်ကိုဖွင့်၍ ဘယ်ကိုသွားမလဲ ဟူသော လေးထောင့်ကွက်တွင် သင်သွားမည့်နေရာအား ထည့်သွင်းပါ။ သင့်စခရင်အောက်တွင်ရှိသော စီးနင်းရန်ရွေးချယ်နိုင်မှုဖြစ်သည့် uberPOOL ကို တို့နှိပ်ပါ။ ထို့နောက် uberPOOL ကို အတည်ပြုမည် ကိုတို့နှိပ်ပါ။ uberPOOL ကို အများဆုံး လူ ၂ ယောက်အတွက် တောင်းခံနိုင်သည်။

သင်၏ကားမောင်းသူရောက်ရှိလာသည်အထိ အချိန်ကိုတွေ့မြင်ရမည် ဖြစ်သကဲ့သို့ သင်သွားမည့်နေရာကိုရောက်ရှိရန် ခန့်မှန်းကြာချိန်ကိုလည်း တွေ့မြင်ရပါမည်။

2

စီးနင်းမည်

သင့်ကိုလာခေါ်ရန်နေရာသို့ လမ်းလျှောက်နေစဉ်တွင် Uber အက်ပ်အတွင်းရှိမြေပုံကို ကြည့်ပါ။ သင့်ကားပေါ်တွင် ပါလာသူများမှ စောင့်ဆိုင်းမနေရစေရန် သင့်ကားမောင်းသူမရောက်မီ ပလက်ဖောင်းပေါ်ရောက်အောင်သွားပါ။

သင့်လမ်းကြောအတိုင်းသွားမည့် အခြားခရီးသည်များနှင့် တွဲဖက်ပေးပါမည်။ ဤနည်းအားဖြင့် သင့်အတွက် စျေးပိုနည်းစေသဖြင့် သင့်ခရီးစဉ်တလျှောက်တွင် ထပ်တိုးခေါ်တင်မှု နှင့်/သို့မဟုတ် ချပေးမှုတို့ ရှိနိုင်ပါသည်။

3

ထွက်မည်

သင်သွားလိုသည့်နေရာရောက်သည့်အခါ ကားပေါ်မှဆင်းလိုက်ရုံသာဖြစ်သည်။ သင့်အတွက် ကျသင့်ငွေကို ဖိုင်ပေါ်ရှိ သင်ရွေးချယ်ထားသော ငွေချေရန်နည်းလမ်းမှတစ်ဆင့် အလိုအလျောက် ကောက်ခံသွားပါမည်။ သင့်ခရီးစဉ်သည် ကြယ် ၅ ပွင့် အဆင့်ဖြစ်ပါက သင့်ခရီးစဉ်ပြီးဆုံးသောအခါ အက်ပ်အတွင်းမှနေ၍ သင့်ကားမောင်းသူကို ဘောက်ဆူးပေးရန် သုံးသပ်ပါ။

uberPOOL ၏ ထူးခြားကွဲပြားမှုမှာ မည်သည်တို့ဖြစ်ပါသလဲ

လမ်းတလျှောက် ခေါ်တင်မှုများ

ကားအတွင်းရှိ ထိုင်ခုံအလွတ်များကို ဖြည့်ပေးရန် သင့်ခရီးလမ်းကြောင်းတလျှောက်ရှိ ခရီးသည်များကို ရှာဖွေပေးပါမည်။ သင်၏ အတူစီးခရီးသည်များကို အပြုံးဖြင့်နှုတ်ဆက်ပါ—အတူစီး၍ သင်တို့ ပိုက်ဆံချွေတာနေကြပါသည်။

ယင်းက အချိန်အနည်းငယ်ပိုကြာပါသည်

ထပ်တိုးခရီးသည်များနှင့်ဆိုလျှင် ထိုနေရာသို့ရောက်ရှိရန် အချိန်အနည်းငယ်ပိုကြာနိုင်သော်လည်း အက်ပ်အတွင်းတွင် သင်၏ခန့်မှန်းရောက်ရှိချိန်ကို အမြဲတမ်းတွေ့နိုင်ပါသည်။ အလျှင်လိုနေပါက uberX ကို စမ်းသုံးကြည့်ပါ။

သင့်ကားမောင်းသူကို လာခေါ်ရန်နေရာသို့ လာခိုင်းပါ

သင့်စီးနင်းမှုကို အချိန်ကိုက်စီစဉ်ထားလျှင် uberPOOL သည် အံ့လောက်စရာဖြစ်သည်။ သင့်ကားပေါ်တွင် ပါလာသူများမှ စောင့်ဆိုင်းမနေရစေရန် သင့်ကားမောင်းသူမရောက်မီ ပလက်ဖောင်းပေါ်တွင် အဆင်သင့်ရှိနေပေးပါ။

လမ်းကြောင်းအတိုင်း လိုက်ပါစီးနင်းပါ

သင့် uberPOOL ခရီးစဉ်စတင်သည်နှင့် သင်သွားမည့်နေရာကို သတ်မှတ်အတည်ပြုပြီး ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နောက်ထပ်ခေါ်တင်မည့်လူကို ရွေးချယ်နိုင်စေသလို အကောင်းဆုံး ခရီးလမ်းကြောင်းကိုလည်း ရယူနိုင်စေသည်။

အဖွဲ့တစ်ဖွဲ့လျှင် ၂ ယောက်

uberPOOL ကို သူငယ်ချင်းတစ်ယောက်နှင့်အတူ စီးနင်းနိုင်သော်လည်း ၂ ယောက်ထက်ပို၍ အတူတူစီးနင်းမည် သို့မဟုတ် ခရီးဆောင်အိတ်အပိုများ ပါဝင်သည်ဆိုလျှင် uberX သို့မဟုတ် uberXL ကို တောင်းခံခြင်းသည် အကောင်းဆုံးဖြစ်သည်။

အမေးများ မေးခွန်းများ

လမ်းခရီးတွင် တွေ့ကြုံရမည့်အရာများ

  • ကျွန်ုပ်၏ ခရီးဆောင်အိတ်အတွက် နေရာရှိပါသလား။

    ကားပေါ်ရှိနေရာလွတ်နှင့် ခရီးသည်အ ရေအတွက်ပေါ် မူတည်ပါသည်။ ခရီးဆောင်အိတ်နှင့်အတူ သင်ခရီးသွားပါက uberX ကို စမ်းသုံးကြည့်ရန် တိုက်တွန်းပါသည်။

  • လူ ၂ ယောက်ထက်ပိုလျှင် မည်သို့ပြုလုပ်ရပါမည်လဲ။

    အဖွဲ့လိုက်ပဲ။ uberPOOL တွင် တောင်းခံမှုတစ်ခုလျှင် လူ ၂ ယောက်သာလက်ခံသော်လည်း ပိုများသောလူအုပ်အတွက် uberX သို့မဟုတ် uberXL ကို အသုံးပြုနိုင်သည်။

  • အခြားခရီးသည်များကို ခေါ်တင်ရန်အတွက် မည်မျှအချိန်ကြာပါမည်နည်း။

    ပျမ်းမျှအားဖြင့် uberPOOL နှင့်စီးနင်းခြင်းသည် သင်၏ခရီးစဉ်တစ်ခုလုံးကြာချိန်အပေါ် မိနစ်အနည်းငယ်သာ ထပ်တိုးစေပါသည်။ သင်စီးနင်းနေစဉ်အတွင်း သင်၏ခန့်မှန်းရောက်ရှိချိန်ကို အက်ပ်တွင် အမြဲတမ်းပြသပေးပါမည်။

  • ကျွန်ုပ်ကို အရင်လာကြိုခဲ့သည်။ ဘာကြောင့် ကျွန်ုပ်ကို နောက်မှလိုက်ပို့ပါသလဲ။

    လာခေါ်ရန်နှင့် ချပေးရန် အမှတ်စဉ်ကို ခရီးစဉ်လမ်းကြောင်းပေါ်ရှိ ဦးတည်ရာနေရာပေါ်မူတည်၍ ဆုံးဖြတ်ပါသည်၊ မည်သူ့ကို အရင်လာကြိုသည်ဆိုခြင်းနှင့် မသက်ဆိုင်ပါ။

  • ကျွန်ုပ်၏ခရီးစဉ်တွင် လာခေါ်ရန် လူအရေအတွက်ကို ကန့်သတ်ထားမှု ရှိပါသလား။

    ခရီးစဉ်အတွင်း ခရီးသည်များ အတက်အဆင်းရှိနိုင်ပါသည်။ ခုံလွတ်များ အားလုံးပြည့်နေပါက ခရီးသည်အပို ရှာဖွေခြင်းကို ရပ်တန့်ပါမည်။ ထို့အပြင် သင်၏ ဆိုက်ရောက်ချိန်အတိုင်း ရောက်စေရန်အတွက်လည်း ခရီးသည်အပို ရှာဖွေခြင်းကို ရပ်တန့်ပါမည်။

  • အတူစီးခရီးသည်က လမ်းကြောင်းပေါ်မှ သွေဖီ၍သွားလိုလျှင် မည်သို့ပြုလုပ်ပါမည်လဲ။

    အချို့သော ခေါ်တင်မှုများနှင့် ချပေးမှုများသည် လမ်းကြောင်းပေါ်မှ အနည်းငယ်သွေဖီနိုင်သော်လည်း အက်ပ်တွင်ပြထားသော အချိန်အတိုင်း သင်ရောက်ရှိနိုင်ရန် ကျွန်ုပ်တို့က အမြဲတမ်း အကောင်းဆုံး ပြုလုပ်ပေးပါမည်။

uberPOOL ဖြင့် စီးနင်းရန် အဆင်သင့်ဖြစ်ပြီလား။

ယခုပင် မှတ်ပုံတင်ပါ

uberX

စျေးနှုန်းသင့်တင့်သော နေ့စဉ်စီးနင်းမှုများ

uberXL

လူ ၆ ဦးအထိ ပါဝင်သော အုပ်စုများအတွက် စျေးနှုန်းသင့်တင့်သော UberSUV များ

UberSUV

လူ ၆ ဦးအထိ ပါဝင်သော အုပ်စုများအတွက် ဇိမ်ခံ UberSUV များ

UberBLACK

ကျွမ်းကျင်ကားမောင်းသူများနှင့် နောက်ဆုံးပေါ် အဆင့်မြင့် စီးနင်းမှုများ

UberSELECT

သက်သာသော ဈေးနှုန်းများဖြင့် အရည်အသွေးမြင့် စီးနင်းမှုများ

uberWAV

ဘီးတပ်ကုလားထိုင် အသုံးပြုနိုင်သော စျေးနှုန်းသင့်တင့်သည့် ကားများ