အဓိက အကြောင်းအရာသို့ ကျော်သွားမည်

Tell us your location

Please enter your nearest city name to help us display the correct information for your area

Select your language

ကားမောင်းသူ လိုအပ်ချက်များ

Uber နှင့် မောင်းနှင်ရန် နည်းလမ်း

သင်ကိုယ်တိုင် သင်၏အလုပ်ရှင်ဖြစ်ရန်နှင့် အပိုဝင်ငွေ ရှာဖွေရန် Uber က အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုပါ။ လူအတော်များများက Uber စနစ်တွင် မောင်းနှင်နိုင်ကြသလို သင်သိရှိရန် လိုအပ်သည်များမှာ အောက်ပါအတိုင်းဖြစ်သည်။

အနိမ့်ဆုံးအဆင့် လိုအပ်ချက်များ

ကားတစ်စီး သို့မဟုတ် လုပ်ငန်းခွင့်ပြုချက်မရှိလျှင်ပင်

Uber နှင့်အတူ လူများစု မောင်းနှင်နိုင်ပါသည်။' လိုအပ်ချက်များက မြို့အလိုက်ကွဲပြားသော်လည်း အနိမ့်ဆုံးအဆင့် လိုအပ်ချက်တစ်ချို့ ရှိပါသည် -

  • အနည်းဆုံးအသက် လိုအပ်ချက်နှင့် ကိုက်ညီရမည်
  • သင့်နိုင်ငံတွင် တရားဝင်မောင်းနှင်ခွင့် ရှိရမည်
  • သင်ကြားမှု ဗွီဒီယိုအတိုတစ်ခု ကြည့်ရမည်

လိုအပ်သော စာရွက်စာတမ်းများ

လမ်းပေါ်တွင် မောင်းနှင်ခြင်းမပြုမီ အောက်ပါ စာရွက်စာတမ်းများကို မျှဝေပေးပါ။ သင့်ကိုယ်ပိုင်ကားကို အသုံးပြုလိုပါက ကားမှတ်ပုံတင်နှင့် အာမခံစာရွက်စာတမ်းများကို တင်ပြပေးရန် လိုအပ်ပါသည်။

  • သင့်နိုင်ငံအတွင်း မောင်းနှင်ရန် သက်တမ်းရှိသေးသော စာရွက်စာတမ်းများ
  • သင့်မြို့၊ ပြည်နယ် သို့မဟုတ် ခရိုင်တွင် နေထိုင်ကြောင်း အထောက်အထား
  • ကားမောင်းသူ ပရိုဖိုင် ဓါတ်ပုံ
    • ကားမောင်းသူ၏ မျက်နှာတစ်ခုလုံး အပြည့်ပါဝင်၍ အရှေ့လှည့်ကာ အလယ်တွင်ရှိသော ဓါတ်ပုံတွင် ပခုံးအပေါ်ပိုင်း ပါဝင်ကာ နေကာမျက်မှန် တပ်ဆင်ထားခြင်း မရှိရပါ
    • ဘောင်အတွင်း အခြားအရာများ ပါဝင်ခြင်း မရှိဘဲ ကားမောင်းသူတစ်ဦးတည်းသာ ပါဝင်၍ အလင်းရောင် လုံလောက်ပြီး ပြတ်သားသော ဓါတ်ပုံဖြစ်ကာ ယာဉ်မောင်းလိုင်စင် ဓါတ်ပုံ သို့မဟုတ် အခြား ပရင့်ထုတ်ထားသော ဓါတ်ပုံ မဖြစ်ရပါ

ကားမောင်းသူအား စစ်ဆေးခြင်း

မှတ်ပုံတင်ပြီးနောက်အချိန်အနည်းငယ်ပေး၍ အွန်လိုင်းမှ စစ်ဆေးခြင်းကို ပြီးဆုံးအောင် ဆောင်ရွက်ပေးပါ။ ယင်းက' သင်၏ မောင်းနှင်မှု မှတ်တမ်းနှင့် ပြစ်မှုမှတ်တမ်းကို စိစစ်ပါလိမ့်မည်။

လမ်းပေါ်တွင် မောင်းနှင်ပါ

စတင်အသုံးပြုရန် လွယ်ကူပါသည်

1

အွန်လိုင်းမှ မှတ်ပုံတင်ပါ

သင့်အကြောင်းနှင့် သင့်တွင် ကားတစ်စီးရှိလျှင် ထိုကားအကြောင်း ပြောပြပေးပါ။ ကားတစ်စီးမရှိခဲ့လျှင် တစ်စီးရနိုင်ရန် ကျွန်ုပ်တို့ ကူညီပေးပါမည်။

2

စာရွက်စာတမ်းအချို့ မျှဝေပါ

သင်၏ ယာဉ်မောင်းလိုင်စင်' မိတ္တူနှင့် အချို့အချက်အလက်များကို စစ်ဆေးရန် ကျွန်ုပ်တို့ လိုအပ်ပါသည်။ သဘောတူညီချက်ကို အွန်လိုင်းတွင်လည်း သင်လက်မှတ်ထိုးနိုင်သလို ကားတစ်စီးကို သင့်အကောင့်အတွင်း ပေါင်းထည့်နိုင်ပါသည်။

3

သင့်အကောင့်ကို စတင်အသုံးပြုပေးပါ

သင့်ကားကို နယ်မြေခံ အစပြုပေးသည့်စင်တာတစ်ခုသို့ ယူဆောင်လာပါ သို့မဟုတ် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုနှင့် ပါတနာဖွဲ့၍ ယင်းတို့၏ ကားများကို သုံး၍ မောင်းနှင်ပါ။ လိုအပ်ချက်များက မြို့အလိုက်ကွဲပြားပါသဖြင့် အချက်အလက်ပိုမိုသိရှိရန် မှတ်ပုံတင်ပါ။

အခြားအချက်အလက်များ

နယ်မြေတွင် ကားအတွက် လိုအပ်ချက်များ

အထက်ဖော်ပြပါ အနိမ့်ဆုံးလိုအပ်ချက်များအပြင် မြို့တစ်မြို့ချင်းစီတွင် ကားများအတွက် ကိုယ်ပိုင်ပြဌာန်းထားသော ယင်းတို့၏ စည်းကမ်းဥပဒေများ ရှိပါသေးသည်။ အချက်အလက်ပိုမိုရရှိနိုင်ရန် အွန်လိုင်းမှ မှတ်ပုံတင်ပါ။

ယခုပင် မှတ်ပုံတင်ပါ

ပိုက်ဆံရှာဖွေရန် အဆင်သင့်ပါပဲလား။

ပထမဆုံးအဆင့်မှာ မှတ်ပုံတင်ရန်ဖြစ်သည်

မောင်းနှင်ရန် မှတ်ပုံတင်ပါ